FAQs
မကြာခဏမေးလေ့ရှိသောမေးခွန်းများ
၁။ MoMoThai ဆိုတာ ဘာလဲ?။
MoMoThai သည် သင့်ဖုန်းဘေလ်ဖြင့်စာရင်းသွင်းမှုကိုအခြေခံသည့် အွန်လိုင်းထိုင်းစကားပြောသင်ကြားရေး ဝန်ဆောင်မှု တစ်ခုဖြစ်ပါသည်။ မြန်မာမှုပြုထားသည့် အမျိုးမျိုးသော သင်ကြားရေးအသံဖိုင် အမျိုးအစားများကို ပံ့ပိုး ပေးထားပြီး သုံးစွဲသူများသည် အချိန်နှင့် နေရာမရွေး လေ့လာနိင်မည်ဖြစ်ပါသည်။ တစ်ရက်လျှင် စာရင်းသွင်းမှတ်ပုံတင်ကြေး ၁၇၉ ကျပ်ဖြင့် အသုံးပြသူများအတွက် ထိုင်းစကားပြောနည်းများကို အသံဖိုင်များဖြင့် လွယ်ကူစွာလေ့လာနိင်စေရန် စီစဥ်ဆောင်ရွက်ပေးထားပါသည်။
၂။ MoMoThai ကို ဘယ်လိုစာရင်းပေးသွင်းရပါသလဲ?။
MoMoThai ကို စာရင်းပေးသွင်း အသုံးပြုလိုသူများအနေဖြင့် https://momothai.asia/ လင့်ကို နှိပ်ပြီး မိုဘိုင်းဖုန်းများမှတစ်ဆင့် ဝင်ရောက်ပြီး အလယ်တကူစာရင်းပေးသွင်းနိုင်ပါသည်။
၃။ MoMoThai ကို စာရင်းပေးသွင်းမှုအတွက် အခကြေးငွေ ဘယ်လောက်ကျပါသလဲ?။
MoMoThai ကို အသုံးပြုမှုအတွက် ဝန်ဆောင်ခမှာ တစ်ရက်လျှင် ၁၇၉ ကျပ် ၊ တစ်ပတ်လျှင် ၆၉၉ ကျပ်အသီးသီး ကျသင့်ပါမည်။ ဝန်ဆောင်မှုကို ပယ်ဖျက်ခြင်းမပြုမချင်း အလိုအလျောက် သက်တမ်းတိုးသွားမည် ဖြစ်ပါသည်။
၄။ MoMoThai ကို ဘယ်လိုစတင်အသုံးပြုရမလဲ။
စာရင်းပေးသွင်းပြီးသူများအနေဖြင့် မိုဘိုင်းဖုန်းဖြင့် https://www.momothai.asia (သို့) MyID Application အတွင်းရှိ သင်ကြားရေး အပိုင်းရှိ MoMoThai ဝန်ဆောင်မှုသို့ ဝင်ရောက်ပြီး မိမိတို့လေ့လာလိုသည့် အကြောင်းအရာအလိုက် ထိုင်းစာနှင့် စကားပြောများကို အသံဖိုင်များဖြင့် လွယ်ကူရိုးရှင်းစွာ စတင်လေ့လာနိုင်ပါသည်။
၅။ MoMoThai ဝန်ဆောင်မှုစာရင်းသွင်းခြင်းကို မည်သိူ့ပယ်ဖျက်နိုင်ပါသလဲ?။
စာရင်းပေးသွင်းမှုကို ပယ်ဖျက်ရန် https://www.momothai.asia/ သို့ဝင်ရောက်ပြီး Profile Menu တွင် အချိန်မရွေးပယ်ဖျက်နိုင်ပါသည်။
၆။ စာရင်းပေးသွင်းမှုမရှိပဲ MoMoThai ဝန်ဆောင်မှုကို အသုံးပြု၍ရနိုင်ပါသလား?။
စာရင်းပေးသွင်းမှု ပြုလုပ်ထားခြင်းမရှိပါက MoMoThai ဝန်ဆောင်မှုများကို အသုံပြု၍ ရနိုင်မည်မဟုတ်ပါ။
၇။ MoMoThai ဝန်ဆောင်မှုနှင့်ပတ်သတ်ပြီး အကူအညီ ဘယ်လိုရယူနိုင်မလဲ?။
ကျွန်ုပ်တို့၏ “အမေးများသောမေးခွန်းများ” မှ သင်တို့သိလိုသောအဖြေကို ရှာမတွေ့ပါက၊ ၉၆၆ သို့ ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါသည်။
သင်ခန်းစာများဆီသို့
ခေတ္တစောင့်ပါ...